"တိုင်းတာ၍မရနိုင်သော အရာဟူ၍မရှိပါ။"
"တိုင်းတာ၍မရနိုင်သော အရာဟူ၍မရှိပါ။"
"ကျွန်ုပ်တို့ထံမှ သင်တွေရှိနိုင်သည် တစ်ခုတည်းသော အရာမှာ ယုံကြည်မူသာဖြစ်ပါသည်။"
ဝန်ထမ်းများ၏ အရည်အသွေးနှင့် ဘဝအားပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း၊ ဖောက်သည်များ၏ လုပ်ငန်းများအားပိုမိုတိုးတက်လာအောင် မိမိတို့၏ကုန်ပစ္စည်း (product) များဝန်ဆောင်မှု (Services) များပံ့ပိုးကူညီပေးခြင်း၊ ဝန်ထမ်း၊ ကုမ္ပဏီနှင့် ဖောက်သည်အစရှိသည် အမှတ်သုံးခုအကြားတွင် သုံးနားညီ တြိဂံတစ်ခုအနေဖြင့် အမြဲတမ်းတည်ဆောက်ထားနိုင်ရေးသည့် ကျွန်ုပ်တို့၏မျှော်မှန်းချက် ဖြစ်ပါသည်။
(၁) စိတ်ဓာတ်နှင့် ခံယူချက် အပေါင်းလက္ခဏာ ရှိပြီးအတွေးအခေါ် ကောင်းမွန်သော ဝန်ထမ်းများဖြင့် ဖွဲ့စည်း၍ ကုမ္ပဏီ၏ စရိုက်လက္ခဏာကိုအမြဲတမ်း အပေါင်းလက္ခဏာရှိသည့် ဓလေ့ထုံးတမ်း တစ်ခုဖြစ်အောင် တည်ဆောက် ရမည်။
(၂) အမြဲတမ်း ပျော်ရွှင်မှုရှိသော လုပ်ငန်းခွင် တစ်ခုဖြစ်အောင် တည်ဆောက်ရမည်။
(၃) အမြဲတမ်း အမှန်ပြောသည့် စရိုက်လက္ခဏာရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်အောင် ဆောင်ရွက်ရမည်။
မည်မျှပင်အခက်အခဲ၊ အကြပ်အတည်းနှင့် ကြုံတွေ့စေကာမှု မိမိ၏ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ မလိမ်မညာပဲ အမှန်အတိုင်း ပြောနိုင်သည့် အရည်အချင်း ရိုးသားဖြောင့်မှတ်ခြင်းသည် ကုမ္ပဏီ၏ အောက်ဆုံးဝန်ထမ်းမှ အပေါ်ဆုံး စီမံခန့်ခွဲမှု ကော်မတီရှိ လူတိုင်း၏ အသွေးအသား ထဲတွင်ရှိရမည့် ကျွန်ုပ်တို့၏သင်္ကေတ ဖြစ်ပါသည်။