Amigos Customer Care

customer care

မိမိတို့၏ ယုံကြည်ချက်မှာ ပစ္စည်းတစ်ခု၏ တန်ဘိုးသည် ၎င်းကိုဝယ်ယူထားသော ဈေးနှုန်း အနည်းအများ၊ Brand နာမည်ကြီးခြင်း၊ မကြီးခြင်းနှင့် မသက်ဆိုင်ဘဲ၎င်းကို ပေးရသည့်တန်ဘိုးနှင့် ညီမျှသော စွမ်းဆောင်မှု ကိုပြန်လည်ရရှိခြင်းပေါ်တွင် မူတည်သည် ဟုခံယူထားပါသည်။ စက်တစ်ခုတွင် ပစ္စည်းတန်ဖိုး ကြီးမြင့်ခြင်း၊ မြင့်မားသော Specification ရှိခြင်း၊ အလွန်တိကျသော Accuracy ရှိနေခြင်းတို့ထက် ၎င်းစက်ကို ကိုင်တွယ်အသုံးပြုသူ၏ အသုံးပြုနိုင်မှု၊ အသုံးချနိုင်မှု စွမ်းဆောင်ရည် သည်သာပဓာနဖြစ်သည် ဟုယုံကြည်ပါသည်။

ယင်းအချက်ကို Customer များနားလည် သဘောပေါက်လာစေရေးနှင့် ၎င်းတို့၏လုပ်ငန်းများကို ကူညီပေးနိုင်ရေးအတွက် Amigos တွင်ရှိသော Sales Persons များ၊ Technical Support & ServicesEngineer များနှင့် SupportingStaff များအားလုံးသည် မိမိတို့လုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများက အမြဲတမ်းတက် ရောက်ရပါသည်။ ပြည်ပတွင်သွား ရောက်တက်ရသည့် သင်တန်းများ၊ ပြည်တွင်းတွင် တက်ရသည့် သင်တန်းများနှင့် ရုံးတွင်းသင်တန်းများ အားလုံးပါဝင်ပါသည်။

Sales Persons (Amigos Sales Consultant များဖြစ်ပါသည်) များမှCustomer များအပေါ် မိမိလုပ်ငန်းနှင့်ကိုက်ညီမှု ရှိသောပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရေး အတွက်အကြံဉာဏ် များပေးနိုင်ခြင်း၊ မလိုအပ်ဘဲ တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူစေခြင်းထက် မိမိလုပ်ငန်းနှင့် အမှန်တကယ် ကိုက်ညီပြီး ရေရှည်အသုံး တည့်မည့် ပစ္စည်းများကို ရွေးချယ်ရာတွင် ဝိုင်းဝန်းကူညီ စဉ်းစားခြင်း၊ ဝယ်ယူပြီးပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရန် အတွက်လိုအပ်သော အကြံဉာဏ်နှင့် နည်းလမ်းများ ဝိုင်းဝန်းကူညီ စဉ်းစားခြင်းစသည့် တာဝန်များ ထမ်းဆောင်ရပါသည်။

Technical Support ဝန်ထမ်းများအနေဖြင့် ဝယ်ယူထားသော Customer (သို့) Enduser များစက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရေး၊ လက်တွေ့လုပ်ငန်းခွင်တွင် တိုင်းတာရာ၌ လိုက်လံကူညီပေးခြင်း၊ မှန်ကန်သော တိုင်းတာမှုအဖြေများ ရရှိအောင်ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးခြင်း အဝေးတွင်ရှိသော customer များအား၎င်းတို့ သိလိုသည်များ၊ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများအား ဖုန်းနှင့် Social media များမှတဆင့် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးခြင်းတို့ကို လုပ်ဆောင်ရပါသည်။

Services Engineer ၏တာဝန်များမှာ မိမိတို့ကုမ္ပဏီရှိပစ္စည်းများ Customer များလက်ထဲသို့ မရောက်ခင် ကြိုတင်စစ်ဆေးခြင်း၊ စက်၏တိုင်းတာမှု အဖြေများမှန်ကန်မှုရှိမရှိ၊ စက်အလုပ်လုပ် ပုံမှန်ကန်ခြင်းရှိမရှိ၊ စက်နှင့်အတူ ပါဝင်ရမည့်ပစ္စည်းများ ပြည့်စုံမှုရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါသည်။ ၎င်းအပြင် စက်ကိုရေရှည် အသုံးပြုနိုင်ရန် အတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ Calibration ပြန်ဝင်ရမည့် အချိန်များ အသိပေးခြင်းနှင့် မိမိတို့ Services Center သို့ရောက်ရှိလာသော စက်ပစ္စည်းများကို အချိန်အမြန်ဆုံးနှင့် အကောင်းဆုံး ဖြစ်အောင်ပြန်လည် ပြင်ဆင်ပေးခြင်း တို့ဖြစ်ပါသည်။